Asia Catalyst ၏ အရေးဆိုခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှု စီမံကိန်းတွင် ပါဝင်ရန် အတွက်  မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြုအဖွဲ့များ၏ လျှောက်လွှာများစတင် လက်ခံနေပြီ ဖြစ်ပါသည်။ ၂၀၂၀ မှ ၂၀၂၁ ထိ တစ်နှစ်တာ ကြာမြင့်မည့် စီမံကိန်းမှာ ပစ်ပယ်ခံလူထု အသိုင်းအ၀ိုင်း အတွင်းကြုံတွေ့နေရသည့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများကို ဖြေရှင်းရန်အတွက် လူထုအခြေပြု အဖွဲ့များ၏ အရေးဆိုခြင်း လုပ်ငန်းစဉ် နှင့် မဟာဗျူဟာများ အားကောင်းလာစေရန် ရည်ရွယ်ပါသည်။ ထို့ကြောင့် HIV ပိုးရှိပြီးအသက်ရှင်နေထိုင်သူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ လိင်လုပ်သားများ၊ လိင်စိတ်/လိင်ဝိသေသလက္ခဏာ တိမ်းညွတ်ခံယူ ဖော်ပြမှုကွဲပြားသူများ နှင့် အမျိုးသမီးများ၏ အခွင့်အရေးများအတွက် လှုပ်ရှားနေပြီး အရေးဆိုခြင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်လိုသော လူထုအခြေပြုအဖွဲ့များ အားပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည်။

Asia Catalyst မှာ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်းရှိ လူထုအခြေပြုအဖွဲ့များ၏ အဖွဲ့အစည်း စီမံခံခွဲမှုစွမ်းရည်၊ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်း တင်ခြင်း နှင့် အရေးဆိုတောင်းဆိုခြင်း စွမ်းရည်များ တိုးမြှင့်လာစေရန် လုပ်ဆောင်လျက် ရှိပါသည်။ ၂၀၁၅မှစပြီး မြန်မာနိုင်ငံတွင်း အခြေပြုသည့် အဖွဲ့အစည်းများအတွက် အရေးဆိုခြင်းဆိုင်ရာ စွမ်းရည်မြှင့်တင်မှု စီမံကိန်း ကိုစတင် လုပ်ဆောင်ခဲ့ပါသည်။

ယခု ၂၀၂၀-၂၀၂၁ စီမံကိန်းတွင် ပါဝင်ရန် ရရှိလာသော လျှောက်လွှာများထဲမှ အဖွဲ့ (၄)ဖွဲ့ကို ရွေးချယ်မှာဖြစ်ပြီး ရွေးချယ်ခံရသည့် အဖွဲ့များမှာ ရန်ကုန်တွင်ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ရမည်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများတွင် လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်သည့် နည်းလမ်းများ နှင့် အရေးဆိုခြင်းဆိုင်ရာဗျူဟာများကို ဆွေးနွေး မည်ဖြစ်ပါသည်။ ထို့ပြင်ရွေးချယ်ခံရသော အဖွဲ့များကို အလုပ်ရုံဆွေးနွေးပွဲတွင် ဖော်ထုတ်သော လူထုတွင်းကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အကြောင်းအရာ ပေါ်မူတည်ပြီး မှတ်တမ်းတင်ခြင်းနှင့် အရေးဆိုခြင်းလုပ်ငန်းစဉ် လုပ်ဆောင်ရန် အတွက် အသေးစားရံပုံငွေပေးအပ်မည်ဖြစ်ပါသည်။ 

အောက်ပါအချက်အလက်များနှင့် ကိုက်ညီသော အဖွဲ့များလျှောက်ထားနိုင်ပါသည်။

  • HIVပိုးရှိပြီးအသက်ရှင် နေထိုင်သူများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လိင် လုပ်သားများ၊ လိင်စိတ်/လိင်ဝိသေသလက္ခဏာ တိမ်းညွတ်ခံယူ ဖော်ပြမှု ကွဲပြားသူများ နှင့် အမျိုးသမီးများ စသည့် လူထုအသိုင်းအ၀န်း တစ်မျိုးမျိုး ၏ အခွင့်အရေးများအတွက် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်ရမည်။
  • အဖွဲ့၏ဖွဲ့စည်းပုံတွင် လူထုကိုယ်စားပြုသူ ၀န်ထမ်းများနှင့် အဖွဲ့ဝင်များ အရေအတွက်   အများဆုံး ပါဝင်ရမည်ဖြစ်ပြီး ဆုံးဖြတ်ချက်ချနိုင်သည့် ရာထူးနေရာ တွင်လည်း ပါဝင်ရမည်။
  • အဖွဲ့မှ ကိုယ်စားပြုသူနှစ်ဦး တစ်နှစ်တာစီမံကိန်းတွင်ပါဝင်နိုင်ရမည်။
  • အလုပ်ရုံဆွေးနွေးပွဲ အပြီးပြုလုပ်ရမည့် လုပ်ငန်းတာဝန်များကိုလည်း အချိန်မှီ ပြီးစီး အောင်လုပ်ဆောင်နိုင်ရမည်။
  • လူထုအခြေပြုလုပ်ငန်းများကို အနည်းဆုံး နှစ်နှစ် လုပ်ဆောင်ပြီးသော အဖွဲ့ဖြစ်ရမည်။
  • အရေးဆိုတောင်းဆိုမှု ပြုလုပ်ဖူးသော အဖွဲ့ဖြစ်ရမည်။
  • စီမံကိန်းမှရရှိသော အတွေ့အကြုံပေါ်မူတည်ပြီး ပြောင်းလဲမှုများ လိုအပ်လျှင် လုပ်ဆောင်ရန် စိတ်ဆန္ဒရှိရမည်။

လိုအပ်သောအဖွဲ့အစည်းများသည်လျှောက်လွှာပုံစံကိုဖြည့်စွက်သင့်သည်။ လျှောက်လွှာများကို ၃၁ ရက်တွင်တင်မည်။ 2020ပြီ ၂၀၂၀ ပြည့်နှစ်အကုန်တွင်စီမံကိန်းအရာရှိအား ksuwin@asiacatalyst.org သို့ပေးပို့သင့်သည်။ သတ်မှတ်ရက်ထက်နောက်ကျပြီးဖြစ်သောမပြည့်စုံသောလျှောက်လွှာများနှင့်လျှောက်လွှာများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းလိုပါက  စီမံကိန်း အရာရှိ ခိုင်ဆုဝင်း အီးမေးလ် ksuwin@asiacatalyst.org သို့ဆက်သွယ်မေးမြန်းပေးပို့နိုင်ပါသည်။  

လျှောက်လွှာပုံစံကို download လုပ်ပါ